User:Htet Myo Myint/sandbox

Source: Wikipedia, the free encyclopedia.

ဘောလောကျန်းတော(၁၃၈၃-၁၃၉၀)သည် ဟံသာဝတီပဲခူးဘုရင် ရာဇဓိရာဇ်နှင့် တလမည်ဒေါ တို့မှဖွားမြင်သော သားတော်ကြီးဖြစ်သည်။ ဤမင်းသားသည် သူ၏ ကျိန်စာဆန်သောဆုတောင်းကြောင့် ရာဇဝင်တွင်ထင်ရှားသူဖြစ်သည်။ ဘောလောကျန်းတောသည် သူသည်ခြားနားရန်စိတ်ကူး မရှိခဲ့ပါက မွန်တို့၏ရန်သူ မြန်မာတို့ထံတွင်ဝင်စားကာ မွန်တို့ကို ဒုကခပေးနိုင်သူ ဖြစ်ပါစေရန် ဖခင်၏စီရင်ခြင်း ခံရခါနီးတွင်ဆုတောင်းပြုခဲ့သည်။ ဟံသာဝတီနှင့် အင်းဝနေပြည်တော်မှ လူများသည် အင်းဝဘုရင်မင်းခေါင်၏ သားတော် အိမ်ရှေ့စံမင်းရဲကျော်စွာသည် ဘောလောကျန်းတောဝင်စားသည်ဟု ယုံကြည်ကြသည်။

ဘောလောကျန်းတော၏မိခင် တလမည်ဒေါ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုသည် ရာဇဓိရာဇ်၏ ပယောဂကြောင့်ဖြစ်ရကား ရာဇဓိရာဇ်သည် ဘောလောကျန်းတောထကြွမည်ကို အထူးပင်ကြောင့်ကြခဲ့သည်။ ရာဇဓိရာဇ်ကိုယ်တိုင်သည်လည်း (အရီးတော် မဟာဒေဝီ အကောက်ကြံမှုကြောင့်) ခမည်းတော် ဗညားဦးကို ၁၅နှစ်အရွယ်တွင်ခြားနားခဲ့သူဖြစ်သည်။

သားတော်ဘောလောကျန်းတောကို ၁၃၉၀တွင် စီရင်ခိုင်းချိန်၌ ရာဇဓိရာဇ်သည် ပုသိမ် တွင်ရောက်ရှိနေချိန်ဖြစ်သည်။ သူသတ်သမားတို့သည် ဘောလောကျန်းတောကို ရွှေမော်ဓော ဘုရားသို့ ဆောင်ယူခဲ့ကြသည်။ မင်းသားငယ်သည် သူသတ်တို့ထံမှခွင့်တောင်း၍ အဘိဓမာ တရားကို သုံးရက်တိုင်တိုင်နာယူပြီး မိမိ၀တ်သော ခြေကျင်း၊ လက်ကောက်၊ နားဋောင်း၊ ဘယက်တို့ကို ပူဇော်၍ ဤသို့ ဆုတောင်း၏။ "ငါသည် မင်းသားတို့အတတ် ဆင်စီး မြင်းစီး တတ်အပ်ပေသည်ဟု စီးနင်းပါသည်။ ခမည်းတော်ကို မသင့်မလျော် အနည်းငယ်မျှ မကြံမိပါ။ ကြံမိသော် သေလျှင်ငရဲသို့ကျ၍ လာလတံ့သော ဘုရားများကို မဖူးတွေ့ရသည် ဖြစ်စေသောဝ်၊ မကြံမိသော် ယခုသေလျှင် မြန်မာတို့ဝမ်း၌ဖြစ်၍ မွန်ပြည်ကို ညှင်းဆဲရသည် ဖြစ်စေသောဝ်" ဟု သစစာဓိဌာန်ပြုပြီးမှ အဆိပ်သောက်၍သေရလေ၏။

ဤအကြောင်းကို ရာဇဓိရာဇ်ကြားသော် ဆုတောင်းကြီးလှလေသည်ဟု ရွှေမော်ဓော ကို ကိုယ်လုံးပြည့်ရွှေချ၍ "ဤအကျိုးကြောင့် ဖြစ်လေရာဘဝ၌ ရန်သူကြံ၍ မဖြစ်နိုင်စေသတည်း" ဟုဆုတောင်းလေ၏။ အင်း၀ဘုရင်မင်းခေါင်၏မိဖုရား ရှင်မိနောက် ပဋိသနဓေတည်၍ မွန်ပြည် ဒလမြို့ရှိ သရက်သီး၊ မုတတမ မြေသင်းခဲ၊ ပွန်စလိုင် ရေတို့ကို ချင်ခြင်းတပ်သောအခါ ရာဇဓိရာဇ်သည် ဆုတောင်းကို သတိရ၍ လန့်မိလေသည်။ ဘောလောကျန်းတောလွန်ပြီး တစ်နှစ်ခန်ံ့ကြာသော် မင်းရဲကျော်စွာကို ဖွားမြင်လေသည်။ မင်းရဲကျော်စွာသည် အမှန်တကယ်လည်း ရာဇဓိရာဇ်အတွက် အထူးတိုက်ရန်ခက်ခဲသူ တစ်ဦးဖြစ်ခဲ့သည်။